top of page

မေးလေ့မေးထရှိသော မေးခွန်းများ

Re21 ဆိုတာ ဘာလဲ။ 

 

Re21 ဆိုတာ သာမန် ရိုးရိုးဘတ်ဂျက်မှတ်တဲ့ အပလီကေးရှင်း မဟုတ်ပါဘူး။ လူတွေကို ငွေရေးကြေးရေးပိုင်း ကြံ့ခိုင်မှုရှိလာဖို့အတွက် ငွေကြေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေ မွေးနိုင်အောင်၊ စနစ်တကျနဲ့ ငွေကြေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်ကို အရောက်သွားနိုင်ဖို့ နည်းပြတစ်ယောက်လို ကူညီလမ်းညွှန်ပေးမယ့် အပလီကေးရှင်းတစ်ခုပါ။ 

 

 

Re21 မှာ ဘာတွေလုပ်လို့ရလဲ။ 

 

Re21 အပလီကေးရှင်းထဲမှာပါဝင်တဲ့ ပန်းတိုင်(Goal)ဆိုတဲ့နေရာမှာ ကိုယ်ဖြစ်ချင်တဲ့ ငွေကြေးပန်းတိုင် တစ်ခု သတ်မှတ်ပြီး ငွေစုနိုင်တယ်။

 

ရေးမှတ်(Tracker) ဆိုတဲ့အပိုင်းမှာလည်း  မိမိရဲ့ ဝင်ငွေထွက်ငွေတွေကို မှတ်သားနိုင်သလို အသုံးစရိတ်တွေကို ဘတ်ဂျက်စာရင်းဆွဲပြီး စီစစ်နိုင်တယ်။ 

 

Challenge(လေ့လာ)ဆိုတဲ့အပိုင်းမှာ ငွေကြေးဆိုင်ရာအသိပညာတွေကို လေ့လာနိုင်တယ်။ 

 

Re21 မှာ ချေးငွေယူလို့ရလား။

Re21 က ချေးငွေဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းမဟုတ်ပါဘူးနော်။ သုံးစွဲသူတွေကို ငွေကြေးဆိုင်ရာအလေ့အကျင့်ကောင်းတွေ ပျိုးထောင်ပေးတဲ့ အပလီကေးရှင်းတစ်ခုပဲဖြစ်ပါတယ်။  

 

**အခုတလော အွန်လိုင်းပေါ်မှာ ချေးငွေနဲ့ ပတ်သက်ပြီး အလိမ်အညာတွေများနေသလို ကိုယ့်ရဲ့ ဒေတာတွေကို ခိုးယူတဲ့ အပလီကေးရှင်းတွေကိုလည်း တစ်ဖက်လှည့်နဲ့ အင်စတောလုပ်ခိုင်းပြီး ခြိမ်းခြောက်တာတွေ အဖြစ်များနေတာကြောင့် အလိမ်အညာမမိစေဖို့ သတိပေးလိုက်ပါတယ်နော်။**

 

အဆင်ပြေ အန္တရာယ်ကင်းတဲ့ ချေးငွေ ရနိုင်ပါစေ။  

 

 

Re21 မှာ အကောင့်(account) ဘယ်လိုဖွင့်ရမလဲ။  

Re21 ကို ဒေါင်းလုတ်လုပ်ပြီး အပလီကေးရှင်းကိုဖွင့်လိုက်တာနဲ့ တွေ့ရတဲ့ မေးခွန်းလေးတွေကိုဖြေပေးပြီးတော့ အကောင့်(account) စဖွင့်ရပါမယ်။ အကောင့်ဖွင့်ဖို့ဆို ကိုယ်လက်ရှိသုံးနေတဲ့ ဖုန်းနံပါတ်ကိုရိုက်ထည့်ရမှာဖြစ်ပြီး *ဖုန်းနံပါတ်ထည့်တဲ့အခါ +95 ကိုရွေးပြီး မိမိဖုန်းနံပါတ်ကို (၀)မပါပဲ (၉)မှစပြီး ရိုက်ထည့်ပေးပါ။ (ဥပမာ။   ။ 9 123 456 789) *  

အဲဒီနောက် ကိုယ့်ဖုန်းထဲကို ဂဏန်း(၄)လုံးပါ  OTP message code လေးရောက်လာမှာဖြစ်ပြီး အဲ့ OTP ကိုဖြည့်သွင်းပေးရမှာပဲဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မိမိရဲ့အကောင့်လုံခြုံရေးအတွက် မိမိနှစ်သက်ရာ ဂဏန်း (၆)လုံးကို password အဖြစ် သတ်မှတ်ပေးရပါမယ်။  

*ကိုယ့်ရဲ့ အကောင့်(account) လုံခြုံရေးအတွက် ဖုန်းထဲကို ရောက်လာတဲ့ OTP code နဲ့ မိမိသတ်မှတ်လိုက်တဲ့ password နံပါတ်ကို ဘယ်သူ့ကိုမှ ပြောမပြသင့်ပါဘူးနော်။**
 

 

မြန်မာပြည်ပြင်ပဖုန်းနံပါတ်နဲ့ အကောင့်ဖွင့်လို့ရလား။

 

စိတ်မကောင်းစွာနဲ့ အကြောင်းပြန်ပါရစေ။ Re21 က အခုလောလောဆယ် မြန်မာပြည်ပြင်ပ အခြားနိုင်ငံများက ဖုန်းနံပါတ်များနဲ့ အကောင့်ဖွင့်လို့မရနိုင်သေးပါဘူး။ မြန်မာနိုင်ငံပြင်ပ အခြားနိုင်ငံများရဲ့ ဖုန်းနံပါတ်များနဲ့ အကောင့်ဖွင့်လို့ရပြီဆိုတာနဲ့ ချက်ချင်းအကြောင်းပြန်ပေးပါမယ်နော်။ ခုလို စိတ်ဝင်တစားသုံးစွဲမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။   

OTP မရပါ။ ဘယ်လိုဆက်လုပ်ရမလဲ။

ဖုန်းနံပါတ်ထည့်တဲ့နေရာမှာ အရှေ့က “0” မပါစေဘဲ “9” ပဲထည့်ရပါမယ်နော်။(ဥပမာ။  ။ 9 123 456 789) တစ်ခါတရံမှာ ဖုန်းနက်ဝတ်ကြောင့် OTP မကျတာမျိုးဖြစ်တတ်ပါတယ်။ ခဏလေးစောင့်ပြီး ထပ်မံကြိုစားကြည့်ပေးပါ။

 

အခုလို စိတ်ဝင်စားအားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ 

Re21 က ငွေကြေးနဲ့ပတ်သက်ပြီး အကြံပေးတဲ့ အပလီကေးရှင်းလား။ 

 

Re21 က ငွေကြေးနဲ့ပတ်သက်ပြီး အကြံပေးတဲ့ အပလီကေးရှင်း မဟုတ်ပါဘူး။ ငွေကြေးဆိုင်ရာအလေ့အကျင့်ကောင်းတွေ ကိုယ်တိုင်မွေးမြူနိုင်အောင်၊ စနစ်တကျနဲ့ ငွေကြေးပန်းတိုင်တွေကို အရောက်သွားနိုင်ဖို့ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကိုသာ ပေးမှာ ဖြစ်ပါတယ်။

 

Re21 မှာပါဝင်တဲ့ Challenge ထဲမှာ DFL (Digital Financial Literacy) ဆိုတဲ့ ငွေကြေးဆိုင်ရာအသိပညာဗဟုသုတပေး သင်ခန်းစာတွေကို လေ့လာပြီး လေ့ကျင့်ခန်းတွေကို ဖြေဆိုနိုင်ပါတယ်။ ဒါ့အပြင် ငွေကြေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေဖြစ်တဲ့ ဝင်ငွေထွက်ငွေရေးမှတ်ခြင်း၊ တစ်လတာ ဘတ်ဂျက်အစီအစဉ်ရေးဆွဲပြီး ငွေသုံးစွဲမှုကို စီစစ်ခြင်းနဲ့ စုငွေပန်းတိုင်းတစ်ခု ပြုလုပ်ပြီး ငွေစုခြင်းတို့ကိုလည်း Re21 မှာ လုပ်ဆောင်လို့ ရနိုင်ပါတယ်။ 

Re21 အပလီကေးရှင်းကို ဘယ်လိုဒေါင်းလုတ်ဆွဲရမလဲ။

Re21 အပလီကေးရှင်းကို ဒေါင်းလုတ်ရယူလိုပါက အောက်မှာပေးထားတဲ့ သက်ဆိုင်ရာ လင့်ခ်လေးတွေကနေ ဒေါင်းလုတ်ရယူနိုင်ပါတယ်နော်။ 

bottom of page