top of page

Re21 စည်းကမ်းချက်နှင့် သဘောတူညီချက်များ

စည်းကမ်းချက်နှင့်သဘောတူညီချက်များ (စည်းကမ်းချက်များ)

 

ကျွန်ုပ်တို့၏ စည်းကမ်းချက်နှင့်သဘောတူညီချက်များကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့က နောက်ဆုံး ပြင်ဆင်ခဲ့ပါသည်။ 

ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ဝန်ဆောင်မှုကို အသုံးမပြုမသုံးခင် အောက်ဖော်ပြပါ စည်းကမ်းချက်နှင့် သဘောတူညီချက်များကို ဂရုတစိုက် ဖတ်ပေးစေလိုပါသည်။ 

 
ဘာသာပြန်ချက် နှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ 

 

ဘာသာပြန်ချက်များ 

 

အစအက္ခရာအား အက္ခရာကြီးနှင့် ရေးထားသည့် စကားလုံးတစ်လုံးတွင် အောက်ဖော်ပြပါ အခြေအနေ များအရ သတ်မှတ်ထားသည့် ဆိုလိုရင်းအဓိပ္ပါယ်များ ရှိကြပါသည်။ အောက်တွင် ပြောထားသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များသည် အရေအတွက် တစ်ခု အနေနှင့် သော်လည်းကောင်း တစ်ခုထက်ပိုသော အရေအတွက် အနေနှင့် သော်လည်းကောင်း မည်သို့ပင် ဖြစ်စေကာမူ အဓိပ္ပါယ်တစ်ခုတည်းပဲ သက်ရောက်မှုရှိပါသည်။  

 

အဓိပ္ပါယ်ဖွင့်ဆိုချက်များ 

 

ယခု စည်းကမ်းချက်နှင့် သဘောတူညီချက်များ၏ ရည်ရွယ်ချက်အရ  

 

  • “အက်ပလီကေးရှင်း(Application)” ဆိုသည်မှာ မည်သည့်အီလက်ထရွန်းနစ်စက်ပစ္စည်းပေါ်မဆို သင်ဒေါင်းလုတ်လုပ် လိုက်သည့် ကုမ္ပဏီမှ ထောက်ပံ့ပေးထား သည့်  Re21 အမည်ရှိ ဆော့ဖ်ဝဲလ်ပရိုဂရမ်ကို ဆိုလိုသည်။ 

  • “အက်ပလီကေးရှင်း စတိုး(Application Store)” ဆိုသည်မှာ Application (အက်ပလီကေးရှင်း) ဒေါင်းလုတ်လုပ်နိုင်သည့် Apple Inc (Apple App Store) ဖြစ်‌စေ ၊ Google Inc (Google Play Store) ကဖြစ်‌စေ ရေးဆွဲလုပ် ဆောင်နေသည့်  ဒစ်ဂျစ်တယ်ဖြန့်ဖြူးရေး ဝန်ဆောင်မှုကို ဆိုလိုသည်။ 

  • “တွဲဖက်အဖွဲ့ဝင်” ဆိုသည်မှာ အဖွဲ့တစ်ခု၏ ဘုံထိန်းချုပ်မှုအောက်တွင် ရှိသည့် (သို့) ထိန်းချုပ်ခွင့် ရထား သည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ထိန်းချုပ်မှု ဆိုရာ၌ ဒါရိုက်တာနှင့် အခြားစီမံခန့်ခွဲရေးအာဏာပိုင်များ ရွေးကောက်တင်မြောက်ရန် မဲပေးနိုင်လောက်သည့် အစုရှယ်ယာ ၊ ပိုင်ဆိုင်မှုနှင့် အခြားငွေချေးသက်သေခံ လက်မှတ် ၅၀% နှင့် အထက်ပိုင်ဆိုင်မှု ကို ဆိုလိုသည်။ 

  • “အကောင့် (Account)” ဆိုသည်မှာ ကျွန်ုပ်တို့ ဝန်ဆောင်မှုဖြစ်စေ ၊ ဝန်ဆောင်မှုတစ်စိတ်တစ်ပိုင်းဖြစ်စေ ရယူနိုင်ရန် သင့်အတွက် ဖန်တီးထားသည့် သီးသန့်အကောင့်တစ်ခုကို ဆိုလိုသည်။ 

  • “ကုမ္ပဏီ” ဆိုသည်မှာ ThitsaWorks Pte.,Ltd ကို ရည်ညွှန်းပါသည်။ (ယခုသဘောတူညီချက်ထဲ၌ ThitsaWorks Pte.,Ltd ကို ရည်ညွှန်း၍ “ကုမ္ပဏီ” ၊ “ကျွန်ုပ်တို့” ၊ “ကျွန်ုပ်တို့ကို” ၊ “ကျွန်ုပ်တို့သည်” အစသည်ဖြင့်လည်း ဖော်ပြထားပါသည်။) 

  • “နိုင်ငံ” ဆိုသည်မှာ စင်္ကာပူ နိုင်ငံကို ဆိုလိုသည်။  

  • “အကြောင်းအရာ” ဆိုသည်မှာ သင်အသုံးပြုနိုင်အောင် ပို့စ်တင်ထားပြီး ချိတ်ဆက်ပေးထားသည့် စာသား ၊ ဓါတ်ပုံနှင့် တခြား သတင်းအချက်အလက်များ ပါဝင်သည့် အကြောင်းအရာ Content ကို ဆိုလို သည်။ 

  • “စက်” ဆိုသည်မှာ ဝန်ဆောင်မှုအသုံးပြုနိုင်သည့် ကွန်ပျူတာ ၊ ဆဲလ်ဖုန်း သို့မဟုတ် ဒစ်ဒီဂျစ်တယ် တက်ဘလက် ကဲ့သို့ ပစ္စည်းများကို ဆိုလိုသည်။  

  • “တုံ့ပြန်ချက်” ဆိုသည်မှာ ကျွန်ုပ်တို့ ဝန်ဆောင်မှု၏ အရည်အသွေး ၊ စွမ်းဆောင်မှုနှင့် ပါဝင်သည့် လုပ် ဆောင်ချက်တို့ နှင့် ဆိုင်သည့် သင်ပေးပို့ထားသော အမြင် ၊ ဆန်းသစ်မှုနှင့် အကြံပြုချက်တို့ကို ဆိုလို သည်။ 

  • “ဝန်ဆောင်မှု” ဆိုသည်မှာ ဝက်ဘ်ဆိုက်ကို ရည်ညွှန်းသည်။ 

  • “စည်းကမ်းချက်နှင့်သဘောတူညီချက်များ (စည်းကမ်းချက်များဟုလည်း ခေါ်ဆိုနိုင်)” ဆိုသည်မှာ ဝန်ဆောင်မှု သုံးစွဲခြင်းနှင့် ဆိုင်သည့် သင်နှင့် ကုမ္ပဏီအကြားက သဘောတူညီမှုများ ပါသည့် ယခု စည်းကမ်းချက်နှင့် သဘောတူညီချက်များကို ဆိုလိုသည်။ 

  • “ပြင်ပဆိုရှယ်မီဒီယာဝန်ဆောင်မှု” ဆိုသည်မှာ ဝန်ဆောင်မှုထဲတွင် ပါဝင်သော ၊ အသုံးပြုထားသော သို့မဟုတ် ဖော်ပြထားသော ပြင်ပ Third-Party တစ်ခုမှ ထောက်ပံ့ထားသည့် မည်သည့် ဝန်ဆောင်မှုနှင့် Content မျိုး မဆို (ဒေတာ ၊ သတင်းအချက်အလက် ၊ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ အပါအဝင်) ရည်ညွှန်းသည်။ 

  • “ဝက်ဘ်ဆိုက်” ဆိုသည်မှာ http://www.re21.io  မှဝင်ရောက်ကြည့်ရှုနိုင်သော Re21 website ကို ဆိုလိုသည်။ 

  • “သင်” ဆိုသည်မှာ ဝန်ဆောင်မှုကို ရယူအသုံးပြုနေသည့် တစ်ဦးချင်းဖြစ်စေ ၊ ကုမ္ပဏီလုပ်ငန်းဖြစ်စေ၊ ထိုသို့ အသုံးပြုနိုင်ရန် တစ်ခုချင်း ကိုယ်စား တာဝန်ယူသည့် အခြားတရားဝင်အဖွဲ့အစည်းကို ဆိုလိုသည်။

 

 

သဘောတူညီချက်

 

ဤအကြောင်းအရာများသည် ဝန်ဆောင်မှု အသုံးပြုရာတွင် အကျုံးဝင်သော စည်းကမ်းချက်များနှင့် သဘောတူညီချက်များ ဖြစ်ပြီး သင်နှင့် ကုမ္ပဏီအကြား ရယူထားသည့် သဘောတူညီမှုမှုများလည်း ဖြစ်သည်။ ယခု စည်းကမ်းချက်နှင့် သဘောတူညီချက်များသည် ဝန်ဆောင်မှုသုံးခြင်းနှင့် စပ်လျဉ်း၍ သုံးစွဲသူအားလုံး လိုက်နာရမည့်တာဝန်နှင့် ခံစားခွင့်များ ထည့်သွင်းသတ်မှတ်ထားသည်။ 

 

ဝန်ဆောင်မှု ရယူ အသုံးပြုရာတွင် ယခု စည်းကမ်းချက်များ ၊ သဘောတူညီချက်များနှင့်အညီ သင်၏ လက်ခံမှု နှင့် လိုက်နာမှုအတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည်။ ယခု စည်းကမ်းချက်များနှင့် သဘော တူညီချက်များသည် လာရောက်လေ့လာကြည့်ရှုသူတိုင်း ၊ သုံးစွဲသူတိုင်းနှင့် ဝန်ဆောင်မှု ရယူအသုံးပြုနေသည့် မည်သူမဆိုပေါ် အကျုံးဝင်သည်။ 

 

ဝန်ဆောင်မှု ရယူ အသုံးပြုခြင်းအားဖြင့် သင်သည် ယခု စည်းကမ်းချက်များနှင့် သဘောတူညီ ချက်များအတိုင်း လိုက်နာရန် သဘောတူထားသည်။ ယခု စည်းကမ်းချက်နှင့်သဘောတူညီချက်ပါ အစိတ်အပိုင်းတစ်ခုခုကို သဘောတူခြင်း မရှိပါက ဝန်ဆောင်မှု အသုံးပြုနိုင်မည် မဟုတ်ပါ။

 

သင်သည် အသက် ၁၈ နှစ် ပြည့်ပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။ ကုမ္ပဏီအနေနှင့် အသက် ၁၈ နှစ်အောက် မည်သူကိုမဆို ဝန်ဆောင်မှု ကို သုံးစွဲခွင့်မပြုပါ။ သင်၏ ဝန်ဆောင်မှု ရယူအသုံးပြုခြင်းသည် ကုမ္ပဏီ၏ ကိုယ်ရေးအချက်အလက်မူဝါဒများကို  သင်၏ လက်ခံမှုဟူ၍ လည်း သဘောသက်ရောက်မှု ရှိပါသည်။  ကျွန်ုပ်တို့ ကိုယ်ရေးအချက်အလက်မူဝါဒတွင် သင့်ပုဂ္ဂိုလ်ရေး အချက်အလက် ရပိုင်ခွင့်များအကြောင်း နှင့် သင့်ကို ဥပဒေက မည်သို့ကာကွယ်ထားကြောင်း ပြောထားပြီး အက်ပလီကေးရှင်းဖြစ်စေ ဝက်ဘ်ဆိုက်ဖြစ်စေ သင်အသုံးပြုသည့်အခါ သင့်ကိုယ်ရေးအချက်အလက်များ  စုဆောင်းမှု ၊ အသုံးပြုမှုနှင့် ဖော်ပြမှုများပေါ်     ကျွန်ုပ်တို့ မူဝါဒများ နှင့် လုပ်ငန်းစဉ်များအကြောင်း ဖော်ပြထားသည်။ ကျေးဇူးပြု၍ ကျွန်ုပ်တို့ ဝန်ဆောင်မှု အသုံးမပြုခင် ကျွန်ုပ်တို့၏ ကိုယ်ရေး အချက်အလက်မူဝါဒအကြောင်း ဖတ်ရှုပေးပါ။ 

 

 

သုံးစွဲသူအကောင့်များ 

 

ကျွန်ုပ်တို့နှင့် သင် အကောင့်တစ်ခု ဖွင့်သည့်အခါ သင့်အနေဖြင့် ကျွန်ုပ်တို့ကို တိကျပြည့်စုံပြီး လက်ရှိ အခြေအနေ အတိုင်း သတင်းအချက်အလက်များ ပေးရမည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရန် ပျက်ကွက် ပါက စည်းကမ်းချက်များ ချိုးဖောက်ရာ ရောက်ပြီး ကျွန်တော်တို့ဝန်ဆောင်မှုပေါ်မှ သင့်အကောင့်ကို ချက်ချင်းပယ်ဖျက်မှု လုပ်နိုင်သည်။ 

 

သင့်စကားဝှက်သည် ကျွန်ုပ်တို့ဝန်ဆောင်မှု ဖြစ်စေ တခြားပြင်ပဆိုရှယ်မီဒီယာ ဝန်ဆောင်မှုမှ ဖြစ်စေ ဝန်ဆောင်မှု ရယူရန် အသုံးပြုသည့် စကားဝှက်လုံခြုံရေးနှင့် သင့်စကားဝှက်အောက်တွင် လုပ်ဆောင် သည့် လုပ်ရပ်များအတွက် သင့်မှာ တာဝန်ရှိသည်။ 

 

ပြင်ပအဖွဲ့အစည်းတစ်ခုခုထံ သင်၏စကားဝှက် မပေးရန် သင့်ဘက်က သဘောတူထားသည်။ သင့် အကောင့်လုံခြုံရေး ပေါက်ကြားခြင်း ၊ တရားမဝင် အသုံးပြုခြင်းများ သိရှိပါက ကျွန်ုပ်တို့ကို ချက်ချင်း အသိပေးရမည်။ 

 

တခြားလူနှင့် အဖွဲ့တစ်ခုခု၏ အမည်ကို အသုံးပြုသူအမည်အဖြစ် မသုံးရပါ။  ဥပဒေအရ သုံးစွဲရန်ခွင့်ပြုထားခြင်းမရှိသော အမည်နာမ များကို လည်း ဝန်ဆောင်မှု အသုံးပြုသူ အမည်အဖြစ် သုံးစွဲခွင့်မပြုပါ။ လျော်ကန်သည့် အခွင့်အာဏာမရှိဘဲ တခြားလူ နှင့် အဖွဲ့တစ်ခုခု၏ ရပိုင်ခွင့်ကို ထိခိုက်နိုင်သောအနာမည် သို့မဟုတ် ကုန်အမှတ်တံဆိပ် မဖြစ်ရပါ။ စော်ကား ရိုင်ပြပြီး တစ်ဖက်သားအား ထိခိုက်နစ်နာစေနိုင်သော အမည်မျိုး မဖြစ်ရပါ။ 

 

အကြောင်းအရာ

 

သင်၏ အကြောင်းအရာကို ပို့စ်တင်နိုင်သည့် အခွင့်အရေး 

 

ကျွန်ုပ်တို့ ဝန်ဆောင်မှုက သင့်ကို အကြောင်းအရာ (Content) များ ပို့စ်တင်ခွင့် ပြုထားပါသည်။ သင် တင်လိုက်သည့် အကြောင်းအရာအတွက် ဥ‌ပဒေပိုင်းအရရော အချက်အလက်မှန်မှု ၊ အခြေအနေနှင့် သင့်တော်ကိုက်ညီမှု အပါအဝင် သင့်မှာ တာဝန်ရှိပါသည်။ 

 

ဝန်ဆောင်မှုတွင် အကြောင်းအရာ တင်လိုက်ခြင်းအားဖြင့် သင်သည် ဝန်ဆောင်မှုမှတစ်ဆင့် ထို အကြောင်းအရာမျိုး အသုံးပြုရန် ၊ ပြောင်းလဲရန် ၊ အများသူငါ ထင်မြင်ယူဆစေရန် ၊ အများသိအောင် ဖော်ပြရန် ၊ ပြန်ထုတ်လုပ်ရန်နှင့် ဖြန့်ဖြူးရန် ကျွန်ုပ်တို့အား ဆောင်ရွက်ပိုင်ခွင့် လိုင်စင်ပေးရာ ရောက်သည်။ ကျွန်ုပ်တို့ဝန်ဆောင်မှုမှတစ်ဆင့် သင် တင်သွင်း ရေးသား ဖော်ပြလိုက်သည့် မည်သည့် အကြောင်းအရာနှင့် မဆို သက်ဆိုင်သည့် သင့်ရပိုင်ခွင့်အားလုံး သင့်တွင် ရရှိပိုင်ခွင့်ရှိသည်။ ထို အခွင့်အရေးများအား ကာကွယ်ရန် သင့်တွင် တာဝန်ရှိသည်။ ယခုလိုင်စင်များတွင် စည်းကမ်းချက် နှင့်အညီ သင့် အကြောင်းအရာကို အသုံးပြုဖွယ်ရှိသည့် ဝန်ဆောင်မှုပေါ်မှ အခြားအသုံးပြုသူများလည်း ရယူနိုင်ရန် ကျွန်ုပ်တို့အား ခွင့်ပြုရန် သဘောတူရမည်။ 

 

သင့်ဘက်မှ (၁) အကြောင်းအရာသည် သင့်ကိုယ်ပိုင်ဖြစ်ကြောင်း သို့မဟုတ် သင့်တွင် ယင်းအကြောင်း အရာကို အသုံးပြုပိုင်ခွင့်ရှိပြီး ကျွန်ုပ်တို့အားလည်း ယခုစည်းကမ်းချက်များနှင့်အညီ အသုံးပြုခွင့် လိုင်စင်များ ပေးထားကြောင်း (၂)  ကျွန်ုပ်တို့ ဝန်ဆောင်မှုပေါ်မှတစ်ဆင့် သင့်အကြောင်းအရာကို ရေးတင် ရာတွင် တခြားသူတစ်ဦးဦး၏ ပုဂ္ဂိုလ်‌ရေးဆိုင်ရာ အခွင့်အရေး ၊ အများပြည်သူအခွင့်အရေး ၊ မူပိုင်ခွင့်များ ၊ သဘောတူမှုဆိုင်ရာ အခွင့်အရေးနှင့် တခြား မည်သည့်အခွင့်အရေးကိုမှ ချိုးဖောက်မှုမရှိကြောင်း တာဝန် ခံကိုယ်စားပြုရမည်။ 

အကြောင်းအရာကန့်သတ်ခြင်း 

 

ကုမ္ပဏီသည် ဝန်ဆောင်မှုအသုံးပြုသူများတင်လိုက်သော အကြောင်းအရာအတွက် တာဝန်မရှိပါ။ အကြောင်းအရာနှင့် သင့်အကောင့်မှ လုပ်ရပ်အားလုံးအတွက် သင်ကိုယ်တိုင်လုပ်သည်ဖြစ်စေ သင့် အကောင့်သုံးပြီး တခြားသူတစ်ဦးဦးက လုပ်သည်ဖြစ်စေ သင်တစ်ဦးတည်းမှာသာ တာဝန်ရှိကြောင်း နားလည်သဘောတူထားပြီး ဖြစ်သည်။ 

 

ဥပဒေနှင့် မညီသော အသရေဖျက်သော ၊ တစ်ဖက်သား စိတ်မချမ်းမြေ့ဖွယ်ကောင်းသော ၊ ရွံရှာစက် ဆုပ်ရန် ရည်ရွယ်သော ၊ ခြိမ်း‌ခြောက်သော ၊ သိက္ခာချသော ၊ နာမည်ပျက်စေသော ၊ ညစ်ညမ်းသော သို့မဟုတ် ကန့်ကွက်ထိုက်သည့် တခြားအကြောင်းအရာများ တင်ခွင့်မရှိပါ။ ကန့်ကွက်နိုင်သည့် အ ကြောင်းအရာများတွင် အောက်ပါဥပမာများ ပါဝင်သည်။ ကန့်ကွက်နိုင်သည့်အကြောင်းအရာများ စာရင်း အနေနှင့် သီးခြား ကန့်သတ်ထားခြင်းမျိုး မရှိပါ။ 

 

  • ဥပဒေနှင့် မညီသော သို့မဟုတ် ဥပဒေမဲ့လုပ်ဆောင်စေရန် အားပေးသည့် လုပ်ရပ်များ၊ 

  • နာမည်ဖျက်မှု ၊ ခွဲခြားဆက်ဆံမှု သို့မဟုတ် စာနာမှုမရှိ ဖိနှိပ်သည့် အကြောင်းအရာများ၊ ထိုအထဲတွင် ဘာသာရေး ၊ လူမျိုးရေး ၊ လိင်တိမ်းညွှတ်မှု ၊ ကျား/မ ၊ နိုင်ငံ/လူမျိုးဇာတိ သို့မဟုတ် တခြား ပစ်မှတ်ထားသည့် အဖွဲ့များနှင့် ပတ်သက်သည့် မှတ်ချက်များ ကိုးကားချက်များ ပါဝင်သည်။ 

  • အတုအယောင် Spam အဖျက်အမှောက်များ ၊ စက် သို့မဟုတ် ကျပန်းရွေးထုတ်ထားသည့် ခွင့်ပြု ချက်မရှိသည့် သို့မဟုတ် တောင်းခံခြင်းမရှိဘဲ ကြော်ငြာခြင်းများ ၊ တခြားသူများအား မိတ္တူ အမြောက်အများ ပွားပြီး လက်ဆင့်ကမ်းရန် တိုက်တွန်းထားသည့် စာတွဲများ ၊ တခြားပုံစံမျိုးစုံဖြင့် ခွင့်ပြုချက်မရှိ တိုက်တွန်းခြင်းများ သို့မဟုတ် ထီပုံစံ လောင်းကစားနည်းအမျိုးမျိုး 

  • အခြားသူတစ်ဦးဦး၏ ဒေတာနှင့် အခြားသတင်းအချက်အလက်များ ခွင့်ပြုချက်မရှိ ရယူရန် သို့မဟုတ် ဖျက်ဆီးရန် ဆော့ဖ်ဝဲလ် ၊ Hardware သို့မဟုတ် တယ်လီကွန်း ဆက်သွယ်ရေး ကိရိယာတစ်ခုခုအား နှောက်ယှက် ဖျက်ဆီးခြင်း ၊ လုပ်ဆောင်ချက်ကန့်သတ်ခြင်းများအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် ဗိုင်းရပ်စ် ၊ Worms ၊ Malware ၊ Trojan Horses နှင့်အခြားအ ကြောင်းအရာများ ထည့်သွင်းခြင်းများ 

  • မူပိုင်ခွင့် ၊ ကုန်အမှတ်တံဆိပ် ၊ ကုန်သွယ်ရေးလျှို့ဝှက်ချက် ၊ ကော်ပီရိုက် ၊ အများသိပိုင်ခွင့်နှင့် တခြားတခြားသော အခွင့်အရေးများကို ချိုးဖောက်ခြင်းများ 

  • ကုမ္ပဏီနှင့် ယင်းကုမ္ပဏီ၏ ဝန်ထမ်းများ ကိုယ်စားလှယ်များအပါအဝင် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုတစ်ဖွဲ့ အသွင် ဟန်ဆောင်ခြင်း 

  • တခြားလူတစ်ဦးဦး၏ ပုဂ္ဂိုလ်ရေးအချက်အလက်များအား ပေါက်ကြားစေခြင်း၊ 

  • သတင်းအချက်အလက်နှင့် အသွင်အပြင် Features အမှားများ။

 

ကုမ္ပဏီသည် အသုံးပြုသူတင်လိုက်သောအကြောင်းအရာပေါ်တွင် စည်းကမ်းချက်များနှင့် ညီမညီ ၊ ယင်း အကြောင်းအရာကို ငြင်းဆန်မည် သို့မဟုတ် ဖယ်ရှားမည်ဟု ဆုံးဖြတ်ရန် အခွင့်အရေးရှိသည်။ ကုမ္ပဏီသည် အကြောင်းအရာတို့၏ ပုံစံကို အသစ်ပြင်ဆင်ခြင်း ၊ တည်းဖြတ်ခြင်း နှင့် ပြောင်းလဲခြင်းများ လုပ်ရန်လည်း အခွင့်အရေးရှိသည်။ သင့်အနေနှင့် ကန့်ကွက်ထိုက်သည့် အကြောင်းအရာမျိုး တင်လာ ပါက ကုမ္ပဏီဘက်မှ ဝန်ဆောင်မှုသုံးစွဲခွင့် ကန့်သတ်ခြင်း ၊ ရုတ်သိမ်းခြင်းများ လုပ်ဆောင်နိုင်သည်။ ကုမ္ပဏီသည် ဝန်ဆောင်မှုပေါ်မှ သုံးစွဲသူများနှင့် တခြား Third Party အဖွဲ့များ တင်ထားသည့် အကြောင်းအရာအားလုံးကို ထိန်းချုပ်မထားနိုင်ခြင်းကြောင့် သင့်အနေနှင့် ဝန်ဆောင်မှုသုံးရာတွင် ဖြစ်ပေါ်လာသော အကောင်းအဆိုးအကြောင်းအကျိုးများကို ချင့်ချိန် နားလည်လက်ခံပြီး သုံးစွဲရမည် ဖြစ်သည်။ ဝန်ဆောင်မှုကို သုံးရာတွင် သင်သည် နိုင့်ထက်စီးနင်းရှိပြီး ညစ်ညမ်းသော မှားယွင်းပြီး ကန့်ကွက်ပယ်ချနိုင်သော အကြောင်းအရာများနှင့် ထိတွေ့နိုင်သည်ကို နားလည်ထားရမည်။ ကုမ္ပဏီအနေနှင့် မည်သည့်အခြေအနေတွင်မဆို ၊ သင့်အကြောင်းအရာ အသုံးပြုမှု အကျိုးဆက်အဖြစ် ပေါ်ပေါက်လာသည့် မည်သည့် ဆုံးရှုံးပျက်စီးမှုမဆို ၊ အကြောင်းအရာများအတွင်းမှ မည်သည့် မှားယွင်းချက်များ သို့မဟုတ် ချန်လှပ်မှုများမဆို တာဝန်ယူရန် မရှိကြောင်း သင့်အနေနှင့် သဘောတူထားရမည်။ 

အကြောင်းအရာ အရန်မိတ္တူပွားခြင်းများ 

 

အကြောင်းအရာများ မပျောက်ပျက်စေရန် ထိန်းသိမ်းသည့်အနေနှင့် ပုံမှန်မိတ္တူပွားမှု လုပ်ဆောင်ထား သော်လည်း ကုမ္ပဏီဘက်မှ ဒေတာများ ဆုံးရှုံးပျက်စီးခြင်း မဖြစ်ပါဟု အာမခံထားခြင်း မရှိပါ။

 

Backups ကူးထားသည့်အချက်များ ပျက်စီးခြင်း သုံးမရဖြစ်ခြင်းများသည် မည်သို့မျှ ထိန်းချုပ်မရဘဲလည်း ဖြစ်နိုင်သည်။ Backup ကူးနေစဥ◌် အချက်အလက်များ ပျက်သွားခြင်း သို့မဟုတ် ကူးယရန် ပြင်ဆင်နေချိန်တွင် ပျက်သွားခြင်းမျိုး ဖြစ်ပေါ်တတ်ပါသည်။ 

 

ကုမ္ပဏီသည် အကြောင်းအရာများ အရန်ပွားယူထားခြင်းကို ထိခိုက်နိုင်သည့် ပြဿနာများ ဖော်ထုတ် အဖြေရှာရန် ကြိုးပမ်းသွားမည် ဖြစ်သည်။ သို့သော်ငြား ကုမ္ပဏီအနေနှင့်အကြောင်းအရာများ မပျက်စီးဘဲ ပြည့်ပြည့်စုံစုံ ပြန်ရယူနိုင်ရန် တာဝန်ခံထားခြင်း မရှိဟု သိထားရမည်။ 

 

ဝန်ဆောင်မှုနှင့် သီးခြားဖြစ်သည့် တစ်နေရာတွင် အကြောင်းအရာများ တိတိကျကျ ပြည့်ပြည့်စုံစုံ မိတ္တူ ပွားထားရန် သဘောတူရမည်။ 

 

မူပိုင်ခွင့်ရေးရာ ပေါ်လစီ 

 

ဉာဏပိုင်ဆိုင်ခွင့် ချိုးဖောက်မှု 

 

ကျွန်ုပ်တို့သည် တခြားသူများ၏ ဉာဏမူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးများကို လေးစားပါသည်။ ဝန်ဆောင်မှု ပေါ် တင်လိုက်သည့် အကြောင်းအရာသည် တခြားသူတစ်ဦးဦး၏ မူပိုင်ခွင့်နှင့် ဉာဏပိုင်ဆိုင်မှု ချိုးဖောက်မှုရှိကြောင်း တိုင်ကြားသည့် တိုင်ချက်များကို ကျွန်ုပ်တို့ တုံ့ပြန်သွားမည် ဖြစ်ပါသည်။ 

 

အကယ်၍ သင်သည် မူပိုင်ခွင့် ပိုင်ရှင် သို့မဟုတ် ပိုင်ရှင်ကိုယ်စား လွှဲအပ်ထားသူ ဖြစ်ပြီး သင့်မူပိုင်ခွင့် လက်ရာကို ဝန်ဆောင်မှုပေါ်မှ မူပိုင်ခွင့်ချိုးဖောက်ခံရသည့်နည်းဖြင့် ကူးယူခံရသည်ဟု ယုံကြည်ပါက ကျွန်ုပ်တို့၏ မူပိုင်ခွင့်အေးဂျင့်ထံ support@re21.io အီးမေးလ်မှတစ်ဆင့် မူပိုင်ခွင့်ချိုးဖောက်ခံရကြောင်း အသေးစိတ်ဖော်ပြပြီး အသိပေးတိုင်ကြားနိုင်ပါသည်။ 

 

အကြောင်းအရာတစ်ခုခုသည် သင့်မူပိုင်ခွင့်ကို ချိုးဖောက်သည်ဟု လွဲမှားစွာ ဖော်ပြမှုအတွက် ကျသင့်မည့် အပျက်အစီးများ (ဝတ်လုံစရိတ်နှင့် ကုန်ကျမှုများအပါအဝင်) သင်သာ တာဝန်ယူရမည်ဖြစ်သည်။ 

 

မူပိုင်ခွင့် ချိုးဖောက်ကြောင်း တိုင်ကြားမှုများအတွက် DMCA အသိပေးချက်နှင့် DMCA လုပ်ထုံး

 

အောက်တွင် ရေးထားသည့် သတင်းအချက်အလက်နှင့်အတူ ကျွန်ုပ်တို့ မူပိုင်ခွင့်အေးဂျင့် ထုတ်ပေးထား သည့် ဒီဂျစ်တယ်မီလီနီယံ ကော်ပီရိုက်အက်ဥပဒေ (DMCA) နှင့်အညီ အကြောင်းကြားစာ တင်သွင်းရ မည်။ (အသေးစိတ်ကို 17 U.S.C 512(c) (3) တွင် ရှု)

 

  • မူပိုင်ခွင့်အမှုအတွက် ပိုင်ရှင်ကိုယ်စား ဆောင်ရွက်ရန် တာဝန်ပေးအပ်ခံထားရသူ၏ အီလက် ထရွန်းလက်မှတ် သို့မဟုတ် ရိုးရိုးလက်မှတ်တစ်ခု 

  • မူပိုင်ခွင့်လက်ရာ မိတ္တူတစ်ခု သို့မဟုတ် ယင်းမိတ္တူ ရှိနေသည့် ဝက်ဘ်စာမျက်နှာလိပ်စာ တည်နေရာ URL အပါအဝင် သင့်မူပိုင်ခွင့်လက်ရာ ချိုးဖောက်ခံထားရကြောင်း ဖော်ပြချက်တစ်ခု 

  • သင့်မူပိုင်ခွင့်ကို ချိုးဖောက်သည့်အရာ တည်ရှိသည့်ဝန်ဆောင်မှုပေါ်က သီးသန့် တည်နေရာ သို့မဟုတ် URL အထောက်အထား 

  • သင့်လိပ်စာ ၊ ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာ 

  • အငြင်းပွားဖွယ်ရာအသုံးပြုမှုတွင် မူပိုင်ခွင့်ပိုင်ရှင် ၊ သူ၏ကိုယ်စားလှယ် သို့မဟုတ် ဥပဒေအရ လုပ်ပိုင်ခွင့် ပေးထားခြင်း မရှိဟု သင့်ဘက်က ယုံကြည်ကြောင်း သင်ကိုယ်တိုင် ရေးသားဖော်ပြ ချက်တစ်ခု 

  • အထက်ဖော်ပြပါ အချက်အလက်များ မှန်ကန်ကြောင်းနှင့် သင်သည် မူပိုင်ခွင့်ပိုင်ရှင်ကိုယ်စား ဆောင်ရွက်မည့် သူ မှန်ကြောင်း ရေးသားဖော်ပြချက်တစ်ခု 

 

ကျွန်ုပ်တို့၏ မူပိုင်ခွင့်အေးဂျင့်ကို supporta@re21.io အီးမေးလ်မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။ အကြောင်းကြားစာရရှိမှုအပေါ် ကုမ္ပဏီအနေနှင့် ဝန်ဆောင်မှုပေါ်က အသိပေးခံထားရသည့် အကြောင်း အရာကို ဖယ်ရှားမှု အပါအဝင် သင့်တော်သလို အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။ 

 

ဉာဏမူပိုင်ခွင့်

 

ဝန်ဆောင်မှုနှင့် ယင်းဝန်ဆောင်မှု၏ မူလအကြောင်းအရာများ (သင်နှင့် တခြားအသုံးပြုသူတို့ ထောက်ပံ့ ထားသည့် အကြောင်းအရာများမပါ) ၊ အင်္ဂါရပ်များနှင့် လုပ်ဆောင်ချက်များသည် ကုမ္ပဏီနင့် ယင်း ကုမ္ပဏီလိုင်စင်ကိုင်ဆောင်သူများ၏ သီးသန့်ပိုင်ဆိုင်မှုသာလျှင် ဖြစ်သည်။ 

 

ဝန်ဆောင်မှုကို နိုင်ငံနှင့် ပြည်ပနိုင်ငံများ၏ မူပိုင်ခွင့် ၊ ကုန်ပစ္စည်းအမှတ်တံဆိပ် နှင့် တခြားဥပဒေများအရ ကာကွယ်ထားသည်။

 

ကျွန်ုပ်တို့ ကုန်ပစ္စည်းအမှတ်တံဆိပ်နှင့် ကုန်ပစ္စည်းပုံစံတို့ကို ကြိုတင်ရေးထားသည့် ကုမ္ပဏီ၏ သဘော တူညီချက် မပါဘဲ မည်သည့်ထုတ်ကုန် ၊ ဝန်ဆောင်မှုတွင်မှ အသုံးပြုခြင်း မပြုရ။

 

ကျွန်ုပ်တို့ထံ သင်၏ အကြံပြုချက်

 

ကုမ္ပဏီအတွက် သင်ပေးသည့် မည်သည့်အကြံပြုချက်တွင်မဆို ရပိုင်ခွင့်များ ၊ နာမည်နှင့် အကျိုး ကျေးဇူးများအားလုံး သင် ရရှိမည်။  သင်သည် ကုမ္ပဏီအတွက် ပေးအပ်သည့် မည်သည့်အကြံ ပြုချက်တွင်မဆို ရပိုင်ခွင့်များ ၊ အမည်နှင့် အကျိုးကျေးဇူးများအားလုံးကို ထည့်သွင်းဖြေဆိုနိုင်သည်။ အကယ်၍ ယင်းလုပ်ရပ်သည် အကျိုးမရှိပါက သင့်အနေနှင့် ကုမ္ပဏီကို ထိုကဲ့သို့ အကြံပြုချက်ကို ကန့်သတ်မထားဘဲ အသုံးပြုရန် ၊ ပြန်ထုတ်လုပ်ဖော်ထုတ်ရန် ၊ လိုင်စင်ထပ်ဆောင်ခြင်း ၊ ဖြန့်ဖြူးခြင်း ၊ ပြန်လည် ပြုပြင်ခြင်းများ လုပ်ရန် သီးသန့်မဟုတ်သော ၊ အပြောင်းအလဲလုပ်မရသော ၊ မူပိုင်ခွင့် လိုင်စင်ကြေးမျိုး ပေးဖို့ သဘောတူရမည်။ 

 

အခြားဝက်ဘ်ဆိုက်များနှင့် ချိတ်ဆက်မှုများ

 

ကျွန်ုပ်တို့ ဝန်ဆောင်မှုတွင် ကုမ္ပဏီမှ ပိုင်ဆိုင်ထိန်းချုပ်ထားခြင်း မရှိသည့် ပြင်ပမှ ဝက်ဘ်ဆိုက်များ ၊ ဝန်ဆောင်မှုများနှင့် ချိတ်ဆက်ထားသည့် လင့်ခ် (Links) များ ပါဝင်နိုင်သည်။

 

ကုမ္ပဏီသည် ပြင်ပဝက်ဘ်ဆိုက်များ ၊ ဝန်ဆောင်မှုများ၏ အကြောင်းအရာ ၊ ပုဂ္ဂိုလ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒ နှင့် ကျင့်ထုံးများအတွက် ထိန်းချုပ်မှုနှင့် တာဝန်ယူခြင်းမျိုး မရှိပါ။ ကုမ္ပဏီအနေနှင့် ထိုကဲ့သို့ ဝက်ဘ်ဆိုက်နှင့် ဝန်ဆောင်မှုများမှ တဆင့် ရရှိနိုင်သည့် အကြောင်းအရာများ ၊ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများပေါ် သုံးစွဲခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအတွက် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ တာဝန်မယူကြောင်း သိထားရမည် ဖြစ်သည်။

 

သင်ဝင်ရောက်သည့် ပြင်ပဝက်ဘ်ဆိုက်နှင့် ဝန်ဆောင်မှုတိုင်း၏ စည်းကမ်းချက်များနှင့် သဘောတူညီ ချက်များ နှင့် ပုဂ္ဂိုလ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒများကို ဖတ်ရှုဖို့ အလေးအနက်အကြံပြုပါသည်။

 

ဖျက်သိမ်းခြင်း 

 

ယခုစည်းကမ်းချက်များနှင့် သဘောတူညီချက်များကို ချိုးဖောက်ပါက မည်သည်အကြောင်းရင်း ကြောင့်ဖြစ်စေ ကြိုတင် အသိပေးစရာမလိုဘဲ သင့်အကောင့်ကို ကျွန်ုပ်တို့အနေနှင့် အကန့်အသတ်မရှိ ဆိုင်းငံ့ပိတ်ပင်ခြင်း ၊ ဖျက်သိမ်းခြင်း လုပ်နိုင်သည်။ 

 

အကောင့်ဖျက်ပြီးချိန်တွင် သင်၏ ဝန်ဆောင်မှုအသုံးပြုပိုင်ခွင့်လည်း ချက်ချင်း ရပ်ဆိုင်းသွားမည် ဖြစ်သည်။ သင့်အကောင့်ကို ဖျက်သိမ်းလိုပါက ဝန်ဆောင်မှုကို ဆက်လက်သုံးစွဲခြင်းမှ ရပ်တန့်ခြင်းဖြင့် ဖျက်သိမ်းနိုင်ပါသည်။

 

တာဝန်ခံမှုဆိုင်ရာ ကန့်သတ်ချက်

 

ယခုစည်းကမ်းချက်များနှင့်အညီ ကုမ္ပဏီနှင့်ယင်း၏ ဝန်ဆောင်မှုပံ့ပိုးသူများ၏ အလုံးစုံတာဝန်ခံမှုအရ သင့်တွင် မည်သည့်ထိခိုက်ပျက်စီးမှုမျိုး ကြုံရသည်ဖြစ်စေ သီးသန့်နစ်နာကြေးအဖြစ် ဝန်ဆောင်မှုမှ တစ်ဆင့် သင့်ကို ပေးအပ်ရန်  သတ်မှတ်ထားပါသည်။ အကယ်၍ ဝန်ဆောင်မှုမှတစ်ဆင့် မည်သည့်ဝယ်ယူမှု မျိုးမှ လုပ်ဆောင်မထားပါက ဒေါ်လာ ၁၀၀ ပေးရန် သတ်မှတ်ထားသည်။

 

တည်ဆဲဥပဒေအရ အမြင့်ဆုံးပမာဏအထိ ခွင့်ပြုရာတွင် ကုမ္ပဏီနှင့် ဝန်ဆောင်မှုပံ့ပိုးသူများသည် အထူးအားဖြင့် မတော်တဆ သွယ်ဝိုက်ပြီး ဖြစ်စေ နောက်ဆက်တွဲဖြစ်သည့် ပျက်စီးမှုများအတွက် တာဝန်မရှိချေ။ ( ထိုအထဲတွင် အကျိုးအမြတ်ဆုံးရှုံးမှု ၊ ဒေတာနှင့် တခြား အချက်အလက်များ ဆုံးရှုံးမှု ၊ စီးပွားရေးလုပ်ငန်း အနှောင့်အယှက်ဖြစ်မှု ၊ ပုဂ္ဂလိက ထိခိုက်နာကျင်မှု ၊ ဝန်ဆောင်မှုနှင့် ၊ ဝန်ဆောင်မှုတွင် အသုံးပြုထားသည့် ပြင်ပဆော့ဖ်ဝဲလ်နှင့် Hardware များ သုံးမရ ဖြစ်ခြင်းနှင့် ဆက်စပ်ပြီး တစ်နည်းနည်းဖြင့် ကိုယ်ရေးအချက်အလက် ဆုံးရှုံးမှု သို့မဟုတ် ယခုစည်းကမ်းပါ ပြဌာန်းချက်များနှင့် ဆက်စပ်ပြီး ဖြစ်စေ စသည်ဖြင့် အတိအကျကန့်သတ်မထားသည့် ဆုံးရှုံးမှုများ ပါဝင်နေသည်။) ကုမ္ပဏီနှင့် တခြားဝန်ဆောင်မှုပံ့ပိုးသူတို့မှ ထိုကဲ့သို့ ပျက်စီးနိုင်ခြေရှိခြင်းကို အကြံပြုထားပြီး ဖြစ်လျှင် ၊ နစ်နာကြေး ပေးရန် ပျက်ကွက်လျင်လည်း ကုမ္ပဏီနှင့် ဝန်ဆောင်မှု ပံ့ပိုးသူများဘက်မှ အပျက်အစီးများအတွက် တာဝန်ရှိမည် မဟုတ်ပါ။

 

အချို့ပြည်နယ်များတွင် မတော်တဆမှု သို့မဟုတ် နောက်ဆက်တွဲပျက်စီးမှုများအတွက် တာဝန်ယူမှု အပေါ် ကန့်သတ်ချက်များ သက်ရောက်ခွင့်မရှိအောင် စီမံထားသည်။ ထိုပြည်နယ်များတွင် အဖွဲ့တစ်ခု၏ တာဝန်ယူမှုသည် ဥပဒေအရ အမြင့်ဆုံးသတ်မှတ်ထားသည့် ပမာဏအတိုင်း ဖြစ်သည်။ 

 

“AS IS” နှင့် “AS AVAILABLlE” အပေါ် ရှင်းလင်းချက်

 

ယခုဝန်ဆောင်မှုသည် “AS IS” နှင့် “AS AVAILABLE” ထောက်ပံ့ပေးထားပြီး မည်သည်အမျိုးအစားမဆို အာမခံ မပါဘဲ ချို့ယွင်းချက်နှင့် လိုအပ်ချက်များနှင့် ဆောင်ရွက်ပေးထားသည်။ တည်ဆဲဥပဒေအရ ခွင့်ပြုထားသည့် အမြင့်ဆုံး အတိုင်းအတာနှင့်အညီ ကုမ္ပဏီသည် ၎င်းကိုယ်စားနှင့် ၎င်း၏ တွဲဖက်အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ လုပ်ပိုင်ခွင့်လိုင်စင် ရှိသူများ ၊ ဝန်ဆောင်မှု ထောက်ပံ့သူများကိုယ်စား ရှင်းလင်းဖော်ပြရာတွင် ဝန်ဆောင်မှုနှင့် ပတ်သက်သည့် ကုန်ပစ္စည်း ရောင်းဝယ်ဖောက်ကားရေးဆိုင်ရာ အာမခံများ ၊ သတ်မှတ်ရည်မှန်းချက်  ၊ ဖော်ပြချက်နှင့် ကိုက်ညီမှု ၊ မူပိုင်ခွင့်ဆိုင်ရာ လိုက်နာမှု နှင့် အရောင်းအဝယ်ကိစ္စ ၊ လုပ်ငန်းသဘောကျင့်ထုံး ၊ အသုံးပြုခြင်းနှင့် ရောင်းဝယ်ကုန်သွယ်ရေးလုပ်ထုံးများ နှင့် ကွဲလွဲနိုင်သည့် အာမခံများအားလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ဝန်ဆောင်မှု သုံးစွဲရာတွင် ကြားဖြတ်စီမံမှု မရှိဘဲ သင်လိုလားချက်နှင့်အညီ သတ်မှတ်ရလဒ်များ ရနိုင်ပါက တခြားဆော့ဖ်ဝဲလ် ၊ အက်ပလီကေးရှင်း ၊ စနစ်နှင့် ဝန်ဆောင်မှုများနှင့် တွဲဖက်၍ ဖြစ်စေ လုပ်ဆောင်နိုင်ပြီး ချို့ယွင်းချက်နှင့် အမှားအယွင်း မဖြစ်လျှင် ၊ စိတ်ချယုံကြည်သည့်စံများနှင့် ကိုက်ညီလျှင် တင်ကြိုကန့်သတ်ချက် မထားဘဲ ကုမ္ပဏီသည် မည်သည့်ဝန်ဆောင်မှု အမျိုးအစားကိုမဆို ကိုယ်စားပြုခြင်း မရှိသလို အာမခံပေးခြင်းနှင့် ကတိပြုခြင်းများ လုပ်ဆောင်မည် မဟုတ်ပါ။ 

 

ကြိုတင်ကန့်သတ်ချက် မထားဘဲ အောက်ဖော်ပြပါ ကိစ္စတစ်ခုခုကြောင့် အာမခံ သို့မဟုတ် ကိုယ်စား ပြုမှုအား ကုမ္ပဏီမှ ဖြစ်စေ တခြားကုမ္ပဏီ၏ ထောက်ပံ့သူများမှဖြစ်စေ ပေးရန်အကြောင်း မရှိချေ။ (၁) ဝန်ဆောင်မှု သို့မဟုတ် သတင်းအချက်အလက် ၊ အကြောင်းအရာနှင့် ကုန်ပစ္စည်းများ ၊ ထုတ်ကုန်များ ရယူနိုင်မှု သို့မဟုတ် လုပ်ဆောင်နိုင်မှုအရ ဖြစ်စေ (၂) ဝန်ဆောင်မှုအား ကြားဖြတ်ဟန့်တားနိုင်ခြင်း မရှိ သို့မဟုတ် ချို့ယွင်းချက် ကင်းရန်ဖြစ်စေ (၃) ဝန်ဆောင်မှုပေါ် တင်ထားသည့် အချက်အလက်နှင့် အကြောင်းအရာများ တိကျမှန်ကန်သေချာခြင်းအရ ဖြစ်စေ (၄) ကုမ္ပဏီကိုယ်စား ပေးပို့သည့် ဝန်ဆောင်မှု ၊ ဆာဗာများ ၊ အကြောင်းအရာနှင့် အီးမေးလ်များတွင် ဗိုင်းရပ်စ်များ ၊ သီးသန့်အစီအစဉ်အတိုင်း အလိုအလျောက် ပေးပို့နေသည့် လုပ်ဆောင်ရန် ညွှန်ကြားချက်များ ၊ Trojan Horses အဖျက် အမှောက်စနစ်များ ၊ Worms ၊ Malware ၊ Timebombs နှင့် တခြားအန္တရာယ်ပေးနိုင်သည့် အရာများ ကင်းရှင်းမှုအရ ဖြစ်စေ။ ကုမ္ပဏီနှင့် ကုမ္ပဏီ၏ ဝန်ဆောင်မှုထောက်ပံ့သူ မည်သူမဆို ယင်းအတွက် အာမခံပေးရန် မရှိချေ။ 

 

အချို့စီရင်ချက်များတွင် စားသုံးသူအတွက် ဥပဒေအရ ပြဌာန်းထားသည့် အခွင့်အရေးအတွက် အချို့ အာမခံနှင့် ကန့်သတ်ချက် အမျိုးအစားများအား ချန်လှပ်ခွင့် မပြုပေ။ ထို့ကြောင့် အထက်ပါ ချန်လှပ်မှု နှင့် ကန့်သတ်မှုများအနက်မှ အားလုံးဖြစ်စေ တချို့တလေ ဖြစ်စေ သင်နှင့် အကျုံးမဝင်သည်များ ရှိနိုင်သည်။ သို့သော်ငြား ယခုကဏ္ဍတွင် ဖော်ပြခဲ့သည့် ကန့်သတ်ချန်လှပ်ခဲ့မှုမျိုးသည် တည်ဆဲဥပဒေအရသာ အကျုံးဝင်မည် ဖြစ်သည်။

 

ဥပဒေသတ်မှတ်ခြင်း

 

သင်၏ ဝန်ဆောင်မှု သုံးစွဲခြင်းနှင့် ယခုစည်းကမ်းများကို နိုင်ငံ၏ ဥပဒေများဖြင့် ဆုံးဖြတ်သွားမည် ဖြစ်ပါ သည်။ သင်၏ အက်ပလီကေးရှင်းအသုံးပြုမှုသည် တခြားဒေသတွင်း ၊ ပြည်နယ် ၊ နိုင်ငံနှင့် နိုင်ငံတကာ ဥပဒေများနှင့်အညီ ဖြစ်ရမည်။

 

အငြင်းပွားမှု ဖြေရှင်းခြင်း

 

ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး သင့်တွင် စိုးရိမ်မှုဖြစ်စေ ဆွေးနွေးလိုသည်များဖြစ်စေ ရှိပါက ကုမ္ပဏီကို ဆက်သွယ်၍ အလွတ်သဘောအားဖြင့် အငြင်းပွားမှုကို ပထမဆုံး ဖြေရှင်းဖို့ ကြိုးစားရန် သဘောတူ ရမည်။

 

ဥရောပသမဂ္ဂ (EU) မှ သုံးစွဲသူများအတွက်

 

သင်သည် ဥရောပသမဂ္ဂမှ ဝန်ဆောင်မှုသုံးသူတစ်ဦးဖြစ်ပါက သင်နေထိုင်ရာ နိုင်ငံ၏ ပြဌာန်းထားသည့် ဖွဲ့စည်းပုံ ဥပဒေများနှင့်အညီ အကျိုးခံစားခွင့် ရှိသည်။ 

 

အမေရိကန်ပြည်ထောင်စု ဥပဒေလုပ်ထုံး 

 

(၁) သင်သည် အမေရိကန်ပြည်ထောင်စုအစိုးရ၏ ကုန်သွယ်ရေး ပိတ်ပင်ခံရသည့် နိုင်ငံတစ်ခုခုတွင် နေထိုင်ခြင်း မရှိသူ သို့မဟုတ် အမေရိကန်ပြည်ထောင်စုအစိုးရမှ အကြမ်းဖက်အားပေးသည့် နိုင်ငံအဖြစ် သတ်မှတ်ထားသည့် နိုင်ငံတွင် နေထိုင်ခြင်း မရှိသူအဖြစ် ကိုယ်စားပြုအာမခံထားသည်။ 

(၂) သင်သည် အမေရိကန်အစိုးရ၏ တားမြစ်ပိတ်ပင်ထားသည့် အဖွဲ့အစည်းများစာရင်းတွင် ပါဝင်ခြင်းမရှိ ဟု ကိုယ်စားပြုအာမခံထားသည်။ 

 

ဥပဒေအရ အကျုံးမဝင်ခြင်းနှင့် ကန့်ကွက်ပယ်ဖျက်ခြင်း

 

အကျုံးမဝင်ခြင်း

 

ယခုစည်းကမ်းသတ်မှတ်ခြင်းများသည် ဥပဒေနှင့် ကိုက်ညီခြင်းမရှိပါက ယင်းစည်းကမ်းချက်များကို တည်ဆဲဥ‌ပဒေ နှင့် အညီ ပြောင်းလဲပြန်ဆိုမှု လုပ်ရမည် ဖြစ်ပြီး ကျန်သည့်စည်းကမ်းချက်များသည် တည်ဆဲအတိုင်း အပြည့်အဝ ဆက်လက် သက်ရောက်မှုရှိမည် ဖြစ်သည်။

 

ကန့်ကွက်ပယ်ဖျက်ခြင်း

 

ဤနေရာတွင် ပြဆိုထားသည့်အတိုင်းမှ လွဲ၍ ယခုစည်းကမ်းချက်များတွင် ကတိပြုထားသည့်အတိုင်း လိုက်နာရန် သို့မဟုတ် ရပိုင်ခွင့်တစ်ခုအတိုင်း တောင်းဆိုရန် ပျက်ကွက်ခဲ့ပါက နောက်ပိုင်း မည်သည့် အချိန်တွင်ဖြစ်စေ တစ်ဦးတစ်ယောက်၏ ထိုကဲ့သို့ ရပိုင်ခွင့်နှင့် တာဝန်များအတွက် လုပ်ဆောင်ရာတွင် သက်ရောက်ခြင်းမရှိစေရ။ သို့တည်းမဟုတ် ဥပဒေချိုးဖောက်မှုပေါ် ပယ်ဖျက်ခြင်းသည် နောက်ဆက်တွဲ ဥပဒေချိုးဖောက်မှုများနှင့် သက်ဆိုင်ခြင်း မရှိပေ။ 

ဤစည်းကမ်းချက်များနှင့် သဘောတူညီချက်များအပေါ် ပြောင်းလဲချက်များ

ယခုစည်းကမ်းချက်များကို ပြုပြင်ပြောင်းလဲရန် သို့မဟုတ် အစားထိုးရန် ကျွန်ုပ်တို့၏ သဘောအတိုင်း ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ စည်းကမ်းချက်များ ပြန်လည်ဆန်းစစ်ရန် လိုအပ်လာပါက စည်းကမ်း အပြောင်းအလဲ မလုပ်ခင် အနည်းဆုံး ရက် ၃၀ ကြိုတင်ပြီး အသိပေး အကြောင်းကြားသွားမည် ဖြစ်သည်။ အသစ်ပြောင်းလဲလိုက်သည့် အပြောင်းအလဲအား ကျွန်ုပ်တို့သဘောဆန္ဒအတိုင်း ဆုံးဖြတ်သွားမည် ဖြစ်သည်။ 

 

စည်းကမ်းဆန်းစစ်မှု အသက်ဝင်ပြီးနောက် ကျွန်ုပ်တို့ဝန်ဆောင်မှုကို ဆက်လက်ရယူခြင်းအားဖြင့် သင်သည် ပြောင်းလဲထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာရန် သဘောတူပြီး ဖြစ်သည်။ စည်းကမ်းချက်သစ်များအနက် တစ်ခုဖြစ်စေ အားလုံးကိုဖြစ်စေ သဘောတူခြင်း မရှိပါက ဝက်ဘ်ဆိုက်နှင့် ဝန်ဆောင်မှု သုံးစွဲမှု ရပ်တန့်စေလိုပါသည်။ 

 

ဆက်သွယ်ရန်

 

ယခုစည်းကမ်းချက်များနှင့် သဘောတူညီချက်များအပေါ် သိလိုသည်များရှိပါက ကျွန်ုပ်တို့ထံ အောက်ပါ လိပ်စာများအတိုင်း ဆက်သွယ်နိုင်ပါသည်။

 

  • ဝင်ရောက်ရန် ဝက်ဘ်ဆိုက်စာမျက်နှာ:  https://www.re21.io/contact   

  • အီးမေးလ် ပေးပို့လိုပါက: support@re21.io

bottom of page