top of page

ကိုယ်ရေးအချက်အလက် မူဝါဒ

နောက်ဆုံးအသစ်ပြင်ချိန်။ ဒီဇင်ဘာ ၁၈ ရက် ၊ ၂၀၂၁ 

ThitsaWorks သည် Re21 app ကို အခမဲ့ အက်ပလီကေးရှင်းတစ်ခုအဖြစ် ရေးဆွဲထားပါသည်။ အဆိုပါ ဝန်ဆောင်မှုအတွက် ThitsaWorks မှ အခကြေးငွေမယူဘဲ ထောက်ပံ့ပေးထားခြင်း ဖြစ်ပြီး အခမဲ့ အသုံးပြုနိုင်ရန် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို တန်ဖိုးထားလေးစားပါ သည်။ 

ယခု ကိုယ်ရေးအချက်အလက်မူဝါဒမှာ Re21 အက်ပလီကေးရှင်းတွင် ကိုယ်ရေးကိုယ်တာသတင်း အချက်အလက်များကို  မည်ကဲ့သို့ အသုံးပြုသည် ၊ ဝန်ဆောင်မှုတိုးတက်ကောင်းမွန်စေရန် မိတ်ဖက်ပါတနာများ / အခြား ပြင်ပဝန်ဆောင်မှု ထောက်ပံ့သူများနှင့် ကျွန်ုပ်တို့ မည်ကဲ့သို့ အလုပ်လုပ်သည်ကို ရှင်းပြထား ပါသည်။ ကျွန်ုပ်တို့ ရယူထားသည့် ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များသည် ဝန်ဆောင်မှု ထောက်ပံ့ရေးတွင် ပြန်အသုံးချရန်သာ ရည်ရွယ်ပြီး ယခု ကိုယ်ရေးအချက်အလက်မူဝါဒတွင် ဖော်ပြထား သည့်အတိုင်း အခြားမည်သူ့ကိုမှ သင်၏အချက်အလက်များ မျှဝေခြင်းမျိုး ၊ အသုံးပြုခြင်းမျိုး လုပ်ဆောင် မည်မဟုတ်ပါ။ 

ကိုယ်ရေးအချက်အလက်မူဝါဒတွင် သုံးထားသည့် အသုံးအနှုန်းများသည် Re21 တွင် ဖော်ပြထားသည့် ကျွန်ုပ်တို့၏ စည်းကမ်းချက်များနှင့် သဘောတူညီချက်များထဲကအတိုင်း အဓိပ္ပါယ်သက်ရောက်ပါသည်။ 

 

ကိုယ်ရေးအချက်အလက် 

ကိုယ်ရေးအချက်အလက် ဆိုရာမှာ သင် သို့မဟုတ် သင့်အိမ်သားတစ်ယောက်ယောက်နှင့် တိုက်ရိုက် ဖြစ်စေ သွယ်ဝိုက်ပြီး ဖြစ်စေ သက်ဆိုင် ဆက်စပ် ပတ်သက်နေသည့် သတင်းအချက်အလက်များကို ဆိုလို ပါသည်။  

 

သတင်းအချက်အလက် ရယူမှုနှင့်အသုံးပြုခြင်း 

ဝန်ဆောင်မှုသုံးရာတွင် App (အက်ပလီကေးရှင်း) ၌ ပါသည့် လုပ်ဆောင်ချက်များကို အသုံးပြုနိုင်စေရန် သင်၏ နာမည် ၊ အသုံးပြုသည့် စက်ပစ္စည်းအမျိုးအစား ၊ တည်နေရာ ၊ မိုဘိုင်းလ်ဝန်ဆောင်မှုထောက်ပံ့သူ နာမည်များကို ကျွန်ုပ်တို့ဘက်က ရယူရန် ရှိပါသည်။ ယင်းမှာ ဝန်ဆောင်မှုကို ရည်ရွယ်ချက်အတိုင်း ချောချောမွေ့မွေ့ဖြစ်စေရန် လိုအပ်သည့်အတွက်ကြောင့် လုပ်ဆောင်ရခြင်း ဖြစ်ပါသည်။ 

 

စာရင်းသွင်းအချက်အလက် 

ကျွန်ုပ်တို့ဝန်ဆောင်မှုကို အသုံးပြုစဉ် အက်ပလီကေးရှင်းမှာ ချို့ယွင်းချက်တစ်ခုခု ပေါ်‌ပေါက်လာပါက Log Data ဟု ခေါ်သည့် သင့်ဖုန်းပေါ်မှ ကျွန်ုပ်တို့သည် ဒေတာနှင့်သတင်းအချက်အလက်များ (အခြား ပြင်ပ ထုတ်ကုန်များမှ ) ရယူထားသည့် အကြောင်း အသိပေးချင်ပါသည်။ Log Data ထဲတွင် သင့်စက် ပစ္စည်း၏ အင်တာနက်ပရိုတိုကောလိပ်စာ (IP) Address ၊ စက်ပစ္စည်းနာမည် ၊ Operating System ဗားရှင်း ၊ ဝန်ဆောင်မှု သုံးချိန် App ချိန်ညှိမှု ၊ ဝန်ဆောင်မှု သုံးသည့် နေ့စွဲနှင့် ကြာမြင့်ချိန် စသည့် အချက် အလက်များ ပါဝင်နိုင်ပါသည်။  

 

ကွတ်ကီး 

ကွတ်ကီးဆိုသည်မှာ အမျိုးအမည်မသိရသည့် သီးခြားသတ်မှတ်ချက်များဟု ယေဘုယျသုံးနေကြသော ဒေတာငယ်များ ပါဝင်သည့် ဖိုင်များ ဖြစ်ပါသည်။ ကွတ်ကီးများကနေ သင်ဝင်လိုက်သည့် ဝက်ဘ်ဆိုက်မှ Browser ကို ပေးပို့ခြင်း ဖြစ်ပြီး သင့်စက်၏ အတွင်းခန်းမှတ်ဉာဏ် (Internal Memory) ထဲ၌ သိမ်း ဆည်းထားခြင်း ဖြစ်သည်။  

ယခုဝန်ဆောင်မှုတွင် ထိုကဲ့သို့ ကွတ်ကီးများ လုံးဝ အသုံးပြုထားခြင်း မရှိပါ။ သို့သော်လည်း App (အက်ပလီကေးရှင်း)ဝန်ဆောင်မှု ပိုကောင်းစေဖို့ ကွတ်ကီးသုံးပြီး အချက်အလက် ရယူသည့် ပြင်ပကုဒ်နှင့် Library များ သုံးကောင်းသုံးနိုင်ပါသည်။ သင့်စက်အတွင်း ကွတ်ကီးများ ရောက်လာပါက သင့်တွင် လက်ခံခွင့်/ ငြင်းပယ်ခွင့်များ ရှိပါသည်။ ကွတ်ကီးများ ပေးပို့ချိန်တွင်လည်း သင့်ကို အသိပေးသွားမည် ဖြစ်သည်။ အကယ်၍ သင့်အနေနှင့် ကွတ်ကီးသုံးဖို့ ငြင်းလိုက်ပါက ယခုဝန်ဆောင်မှု၏ အချို့အပိုင်း များတွင် အသုံးပြု မရသည်များ ရှိနိုင်ပါသည်။ 

 

ဝန်ဆောင်မှုထောက်ပံ့ပေးသူများ

 

အောက်တွင် ဖော်ပြထားသည်း အကြောင်းများကြောင့် ကျွန်ုပ်တို့သည် ပြင်ပကုမ္ပဏီများ ၊ လူပုဂ္ဂိုလ်များ နှင့်တွဲဖက် လုပ်ဆောင်ခြင်းမျိုး ရှိနိုင်ပါသည်။  

ကျွန်ုပ်တို့ ဝန်ဆောင်မှု အဆင်ပြေချောမွေ့စေရန် 

ကျွန်ုပ်တို့ကိုယ်စား ဝန်ဆောင်မှု အထောက်အပံ့ပေးနိုင်ရန် 

ဝန်ဆောင်မှုနှင့် ဆက်စပ်နေသည့် အခြားကိစ္စများ လုပ်ဆောင်ပေးရန် သို့မဟုတ် 

ကျွန်ုပ်တို့ ဝန်ဆောင်မှု သုံးသည့်အပေါ် စိစစ်သုံးသပ်ရာ၌ အထောက်အကူဖြစ်စေရန် 

သင်၏ ကိုယ်ရေးအချက်အလက်များကို ပြင်ပအဖွဲ့အစည်းများဘက်မှ ရယူထားပါကလည်း ကျွန်ုပ်တို့ အနေနှင့် သုံးစွဲသူများကို အသိပေးသွားမည် ဖြစ်သည်။ အသိပေးရသည့် အကြောင်းမှာ ကျွန်ုပ်တို့ကိုယ်စား ၎င်းတို့ကို အလုပ်တာဝန်များ ခွဲပေးထားခြင်းကြောင့် ဖြစ်သည်။ အခြား မည်သည့်ရည်ရွယ်ချက်နှင့်မှ သတင်းအချက်အလက်များ မပေါက်ကြားစေရန် ၊ အသုံးမပြုစေရန် ၎င်းတို့ဘက်က တာဝန်ယူထားကြ ပါသည်။ 

 

မည်သည့်အချက်အလက်များ ကျွန်ုပ်တို့ ယူထားသလဲ။ အဘယ်ကြောင့်နည်း။ 

  • အမည် 

  • သုံးစွဲသူများကို မှတ်သားရန် 

  • Profile ပုံများ 

  • App ကို အမြင်ပိုင်း အဆင့်မြှင့်တင်ရန်နှင့် သုံးစွဲသူများကို လွယ်ကူစွာ ခွဲခြားနိုင်ရန် 

  • ဖုန်းနံပါတ် 

  • မှတ်ပုံတင်မှုအတွက် တစ်ခါသုံးစကားဝှက် OTP ပေးပို့ရန် 

  • သင်၏ Re21 ဒေတာများ - လုပ်ငန်းလုပ်ဆောင်ခြင်း ၊ ပန်းတိုင်များ ၊ အစီအစဉ်အချက်အလက်များ ၊ ဒစ်ဂျစ်တယ် ဘဏ္ဍာရေးတတ်ကျွမ်းမှုအဆင့် စသည် 

  • အခြေခံလုပ်ဆောင်မှုနှင့် ဒေတာအရံထားရှိမှု အတွက် 

  • စိစစ်သုံးသပ်ချက်ဒေတာများ - သတ်မှတ်ထုတ်ကုန်မဟုတ်သည့်နေရာမှ Log ဝင်ခြင်းများ ၊ ကလစ်နှိပ်မှုများ ၊ Screen ပေါ် အချိန်ကုန်ဆုံးမှု စသည် 

  • UX ပြဿနာများ သိရှိစေနိုင်ရန်နှင့် App ဖွံ့ဖြိုးမှုပိုင်း၌ အချက်အလက်အားပြုဆုံးဖြတ်မှုများ လုပ်ဆောင်နိုင်ရန် 

  • Crash Logs- သင့်စက် ၊ ကွန်ရက် ၊ ဘာသာစကားစသည့် အချက်အလက်များအပေါ် သတင်း အချက်အလက် ဆန်းစစ်ပြီး ပြတ်တောက်မှုအကြောင်း အသေးစိတ် ဖော်ပြရန် 

  • App ဝင်မရသည့်ပြဿနာများ ပြုပြင်ရန် 

ကျွန်ုပ်တို့ ဝန်ဆောင်မှု အသုံးပြုထားသည့် Google Play Services ၏ ကိုယ်ရေးအချက် အလက်မူဝါဒ ကိုလည်း အောက်တွင် ပြန်ညွှန်းလိုက်ပါသည်။  

Google Play Services 

လုံခြုံရေး 

ကျွန်ုပ်တို့ကို ပုဂ္ဂိုလ်ရေးအချက်အလက် ထောက်ပံ့ပေးထားသည့် သင့်ယုံကြည်မှုကို ကျွန်ုပ်တို့ အလေး ထားပါသည်။ ထို့ကြောင့် ၎င်းအချက်အလက်များကို ကာကွယ်သည့်အနေနှင့် လုပ်ငန်းသဘောအရ အသုံးပြုမှုကို လက်သင့်ခံနိုင်ရန် ကြိုးစားနေပါသည်။ တစ်ခု သတိထားရမည်မှာ အင်တာနက်ပေါ်မှ ဆက်သွယ်ကြသည့် မည်သည့်နည်းလမ်းမဆို မည်သည့် အီလက်ထရွန်းနစ်သိမ်းဆည်းမှုမဆို ရာနှုန်းပြည့် စိတ်ချယုံကြည်ရခြင်းမျိုး မရှိပါ။ ထို့ကြောင့် အလုံးစုံ လုံခြုံပါမည်ဟု ကျွန်ုပ်တို့ အာမ,မခံနိုင်ပါ။  

 

အခြားဆိုက်များနှင့် ချိတ်ဆက်ခြင်း 

ဝန်ဆောင်မှုတွင် အခြားဆိုက်များနှင့် ချိတ်ဆက်သည့် Links များ ပါနိုင်ပါသည်။ သင့်အနေနှင့် အခြား Third-Party Link တစ်ခုခုကို ဝင်မည်ဆိုပါက ယင်းဝက်ဘ်ဆိုက်ပေါ် တိုက်ရိုက်ရောက်သွားမည် ဖြစ်သည်။။ သတိထားရမည့် အချက်မှာ ၎င်းပြင်ပဆိုက်များသည် ကျွန်ုပ်တို့ လုပ်ဆောင်နေသည့် ဝက်ဘ်ဆိုက် များမဟုတ် ဆိုသည့်အချက် ဖြစ်သည်။ ထို့ကြောင့် ၎င်းဝက်ဘ်ဆိုက်များ၏ ကိုယ်ရေးအချက်အလက် မူဝါဒများကို သေချာသုံးသပ်ရန် သင့်ကို အကြံပြုချင်ပါသည်။ အခြားပြင်ပ Third-Party ဆိုက်များနှင့် ဝန်ဆောင်မှုများ၏ Content များ ၊ ကိုယ်ရေးအချက်အလက် မူဝါဒများ ၊ ကျင့်ထုံးများအပေါ် ကျွန်ုပ်တို့ အနေနှင့် ထိန်းချုပ်မှု မရှိသလို တာဝန်မရှိဘူးဟုလည်း ယူဆပါသည်။  

 

ကလေးငယ်များ ကိုယ်ရေးအချက်အလက် 

ယခုဝန်ဆောင်မှုသည် အသက် ၁၃ နှစ်အောက် ကလေးငယ်များနှင့် မသက်ဆိုင်ပါ။ ကျွန်ုပ်တို့အနေနှင့် အသက် ၁၃ နှစ်အောက် ကလေးငယ်များဆီမှ ပုဂ္ဂိုလ်ရေးဆိုင်ရာ အထောက်အထားပြုနိုင်သည့် သတင်းအချက်အလက်များကို သိသိနှင့် ရယူခြင်းမျိုး လုပ်‌ဆောင်ခြင်း မရှိပါ။ ကျွန်ုပ်တို့ဆီ ပေးပို့လာသည့် ပုဂ္ဂိုလ်ရေးအချက်အလက်များသည် အသက် ၁၃ နှစ်အောက် ကလေးတစ်ယောက်ဖြစ်ကြောင်း သိသည်နှင့် ကျွန်ုပ်တို့ဆာဗာများပေါ်ကနေ ယင်းအချက်အလက်များကို ချက်ချင်းပယ်ဖျက်ပါသည်။ ကလေးမိဘများ ၊ အုပ်ထိန်းသူများအနေနှင့် ကလေးငယ်သည် သူ့၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ဆီ ပေးအပ်ကြောင်း သိသည်နှင့် လိုအပ်သလို လုပ်ဆောင်နိုင်ရန် ကျေးဇူးပြုပြီး ကျွန်ုပ်တို့နှင့် ဆက်သွယ်ပေးပါ။ 

 

ယခု ကိုယ်ရေးအချက်အလက်မူဝါဒ၏ အပြောင်းအလဲများ 

ကျွန်ုပ်တို့အနေနှင့် ကိုယ်ရေးအချက်အလက် မူဝါဒကို အချိန်ကာလအလျောက် အသစ်ပြင်ဆင်မှု လုပ်ဆောင်ရန် ရှိပါသည်။ ထို့ကြောင့် တစ်ခုခုအပြောင်းအလဲလုပ်တိုင်း သိရှိရန် ယခုစာမျက်နှာကို အခါအားလျော်စွာ ဝင်ရောက်ကြည့်ရှုဖို့ အကြံပြုချင်ပါသည်။ အပြောင်းအလဲတစ်ခုလုပ်တိုင်း ယခုစာမျက် နှာတွင်သာ ကိုယ်ရေးအချက်အလက် မူဝါဒသစ်ကို တင်ပြီး အသိပေးသွားမည်ဖြစ်သည်။ ယခုမူဝါဒ သည်၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှ စတင်ပြီး အသက်ဝင်မည် ဖြစ်သည်။ 

 

ဆက်သွယ်ရန် 

ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက် မူဝါဒအပေါ် သိလိုသည်များ ၊ အကြံပြုလိုသည်များ ရှိပါက hello@re21.io ကို ဖြစ်စေ 09978669442 ကိုဖြစ်စေ ဆက်သွယ်နိုင်ပါသည်။ 

bottom of page